သတင်းများ

ပြည်နယ်တရားလွှတ်တော်မှ (၂၆) ကြိမ်မြောက် ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) ဆွမ်းဆန်စိမ်းလောင်းလှူ
Post Image

         ဘားအံမြို့၊ ‌သေဋ္ဌမာရ်အောင်ဘုရားကြီးတွင် (၂၀- ၇- ၂၀၂၄) ရက်နေ့၊ မွန်းလွဲ (၁၃း၀၀)နာရီအချိန်၌ ကျင်းပပြုလုပ်သော (၂၆)ကြိမ်မြောက် ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်းနှင့် ဦးညွန့်လင်း တက်ရောက်ပြီး ရဟန်း၊ သာမဏေနှင့် သီလရှင်တို့အား ဆွမ်းဆန်စိမ်း နှင့် ဝတ္ထုငွေများ လောင်းလှူဆက်ကပ်ခဲ့သည်။
       အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦး နှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများနှင့် ရုံးဝန်ထမ်းများ တက်ရောက်၍ ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ခဲ့ကြသည်။