အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲကို ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမတွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့ နံနက် (၀၈:၄၅) နာရီအချိန်၌ ကျင်းပခဲ့ရာ ကရင်ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦးက သင်တန်းဖွင့်အမှာစကားပြောကြားပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်တရားရေးဦးစီးမှူး နှင့် သင်တန်းနည်းပြ တရားရေးအရာရှိ (၃)ဦး၊ သင်တန်းအကူ တရားရေးအရာရှိ (၄)ဦး နှင့် သင်တန်းသား/ သူ (၂၉) ဦးတို့ တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် ပြည်နယ်တရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးမမက Microsoft Word အခြေခံရေးသားအသုံးပြုခြင်း၊ ကော့ကရိတ်ခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးစံရွှေသိန်းက Microsoft Excel အခြေခံရေးသားအသုံးပြုခြင်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တရားသူကြီး ဦးစောသီဟက Power Point အခြေခံရေးသားအသုံးပြုခြင်းတို့ကို ဆွေးနွေးပို့ချပေးခဲ့ပါကြောင်း သိရသည်။