သတင်းများ

တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ်သင်တန်း ဖွင့်လှစ်ခြင်း
Post Image

       တရားစီရင်ရေးဆိုင်ရာကျင့်ဝတ်သင်တန်းကို ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမတွင် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့ နံနက် (၀၈:၃၀)နာရီအချိန်၌ ဖွင့်လှစ်ခဲ့ရာ ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဒေါ်ခင်ဆွေထွန်းက သင်တန်းဖွင့်အမှာစကားပြောကြားပါသည်။
       အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး နှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ်တရားရုံးတို့မှ သင်တန်းသား တရားရေးအရာရှိ (၂၄) ဦးတို့ တက်ရောက်ခဲ့ပါသည်။

         သင်တန်းတွင် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦး က တရားစီရင်ရေးဆိုင်ရာကျင့်ဝတ်၏ လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများကို Power Point ဖြင့် ဆွေးနွေးပို့ချခဲ့ပြီး သင်တန်းတက်ရောက်သူများ၏  မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ