သတင်းများ

ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဆွမ်းဆန်တော် လောင်းလှူပွဲသို့ တက်ရောက်
Post Image

         ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော  (၇၅)ကြိမ်မြောက် ဆွမ်းဆန်တော် လောင်းလှူပွဲကို (၁၃- ၁၀- ၂၀၂၄) ရက်နေ့၊ နံနက် (၀၇:၀၀)နာရီအချိန်တွင် ရွှေယဉ်မျှော် ပြည်တော်ဧစေတီတော်၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဦးညွန့်လင်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦး နှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံး၊ ကော့ကရိတ်ခရိုင်/ မြို့နယ်တရားရုံး၊ ဖာပွန်ခရိုင်/ မြို့နယ်တရားရုံးနှင့် ကြာအင်းဆိပ်ကြီးခရိုင်/ မြို့နယ်တရားရုံး တို့မှ တရားရေးအရာရှိများနှင့် ရုံးဝန်ထမ်းများ တက်ရောက်ပြီး သံဃာတော်များ၊ သာမ‌ဏေများနှင့် သီလရှင်များအား အလှူတော်ငွေ၊ ကော်ဖီထုပ်၊ သကြားလုံးနှင့် ဆွမ်းဆန်စိမ်း လောင်းလှူ ဆက်ကပ်ခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ