သတင်းများ

သီတင်းကျွတ်လပြည့်နေ့အထိမ်းအမှတ် မီးပုံပျံကြီးများလွှတ်တင်ပူဇော်ပွဲ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ပူဇော်ကန်တော့ပွဲနှင့် သံဃပဝါရဏာ သိမ်ဆင်းလောင်းလှူပွဲများသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် တက်ရောက်
Post Image

      ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ် မီးပုံပျံလွှတ်တင်ပူဇော်ပွဲကို (၁၇-၁၀-၂၀၂၄) ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ သီရိကွင်း၌ ကျင်းပရာ  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း တက်ရောက်ပြီး ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများ၊ ရုံးဝန်ထမ်းများနှင့်အတူ မီးပုံပျံကြီးကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ လွှတ်တင်ပူဇော်ခဲ့ကြသည်။
          ဆက်လက်၍ ကရင်ပြည်နယ်အတွင်း သီးတင်းသုံးတော်မူကြသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား ဝါကျွတ်ကာလပူဇော်ကန်တော့ပွဲ မင်္ဂလာအခမ်းအနားကို သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)နံနက် ၉ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးညွန့်လင်းတို့ တက်ရောက် ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

       မွန်းလွဲ (၁၃:၀၀)နာရီအချိန်တွင် ဘားအံမြို့၊ မဲဘောင်ကျောင်း၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော သံဃပဝါရဏာသိမ်ဆင်းလောင်းလှူပွဲကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း တက်ရောက်ပြီး  ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများ၊ ရုံးဝန်ထမ်းများနှင့်အတူ ရဟန်း၊ သာမဏေများအား ဆွမ်းဆန်စိမ်း၊ ဝတ္ထုငွေ၊ သကြားလုံးနှင့် ကော်ဖီထုပ်တို့ကို လောင်းလှူဆက်ကပ်ခဲ့ပါသည်။

ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ပူဇော်ကန်တော့ပွဲ

သံဃပဝါရဏာ သိမ်ဆင်းလောင်းလှူပွဲ

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ