ဘားအံအကျဉ်းထောင်အား ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် သွားရောက်ကြည့်ရှု စစ်ဆေးခြင်း

ကရင်ပြည်နယ်အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြနေစဉ်
ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဘားအံအကျဉ်းထောင်တွင်း သွားရောက်ကြည့်ရှု စစ်ဆေးခြင်း
ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က အကျဉ်းသားများအား တွေ့ဆုံမေးမြန်းခြင်း

       (၁၀.၁၂.၂၀၂၀) ရက်နေ့ နံနက် (၀၉:၄၅) နာရီအချိန်ခန့်တွင် ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်းသည် ကရင်ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်စိမ်းဝင်း၊ ဘားအံခရိုင်တရားသူကြီး ဒေါ်သဇင်စိုး၊ ဘားအံမြို့နယ်တရားသူကြီးဒေါ်မေလင်းထူး တို့လိုက်ပါလျှက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ညွန်ကြားချက်အမှတ်(၅/၂၀၁၃)နှင့်အညီ ဘားအံအကျဉ်းထောင်အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ ဘားအံအကျဉ်းထောင်တာဝန်ခံအရာရှိ ဦးဇော်မင်းအောင်က ဘားအံအကျဉ်းထောင်၏ လုပ်ငန်းတာဝန်များ၊ စီမံ ခန့်ခွဲရေး၊ ထောက်ပံ့ရေးဆိုင်ရာများ၊ အချုပ်တရားခံများ၊ ထောင်ကျအကျဉ်းသူ အကျဉ်းသားများ၏အခြေအနေ၊ နေထိုင်စားသောက်မှု၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုနှင့် သောက်သုံးရေ ရရှိသုံးစွဲမှုတို့ကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ကရင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့်အဖွဲ့သည် အကျဉ်းထောင်အတွင်း အဆောင်များကို လှည့်လည်ကြည့်ရှု၍ နေရာထိုင်ခင်း သက်သာ ချောင်ချိမှုရှိ/မရှိ၊ ဥပဒေပါ အခွင့်အရေးများရရှိမှုအခြေအနေ၊ စစ်ဆေးဆဲအမှုများမှ အချုပ်တရားခံများ၏ အခြေအနေ၊ နှိပ်စက် ညှင်းပန်းမှုများ ရှိ/မရှိ၊ ကျန်းမာရေးအခြေအနေနှင့် တရားရင်ဆိုင်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ ရှိ/မရှိတို့ကို တွေ့ဆုံမေးမြန်းကာ လိုအပ်သည်များ မှာကြားခဲ့ပါသည်။