တရားရုံးဝန်ထမ်းများ ရုံးလုပ်ငန်း အရည်အသွေးမြှင့်သင်တန်း အမှတ်စဉ် (၂/၂၀၂၀) ဖွင့်ပွဲ ကျင်းပခြင်း

ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးစောစံလင်းက အမှာစကားပြောကြားနေပုံ
ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများနှင့် သင်တန်းသား/သူများ
ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများနှင့် တရားရုံးဝန်ထမ်းများက Video Conferencing စနစ်ဖြင့် သင်တန်းဖွင့်ပွဲသို့ တက်ရောက်ခြင်း

   တရားရုံးဝန်ထမ်းများရုံးလုပ်ငန်းအရည်အသွေးမြှင့်သင်တန်း (၂/၂၀၂၀)ဖွင့်ပွဲကို ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမ တွင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၉)ရက်နေ့ နံနက် (၀၈:၃၀)နာရီအချိန်၌ ကျင်းပခဲ့ရာ အခမ်းအနားတွင် ကရင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးစောစံလင်းက အမှာစကားပြောကြားပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးသိန်းကိုကိုနှင့် ဒေါ်ခင်ဆွေထွန်းတို့ကလည်း လိုအပ်သည်များ မှာကြားခဲ့သည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ ပြည်နယ်တရားရေးဦးစီးမှူးဒေါ်ခင်စိမ်းဝင်းနှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများနှင့် သင်တန်းသား/သူ စုစုပေါင်း(၂၉)ဦး တက်ရောက်ပြီး ကော့ကရိတ်ခရိုင်တရားရုံး၊ မြဝတီခရိုင်တရားရုံး၊ ဖာပွန်ခရိုင်တရားရုံး၊ လှိုင်းဘွဲမြို့နယ်တရားရုံး၊ သံတောင်ကြီးမြို့နယ် တရားရုံး၊ ကော့ကရိတ်မြို့နယ်တရားရုံး၊ ကြာအင်းဆိပ်ကြီးမြို့နယ်တရားရုံး၊ မြဝတီမြို့နယ်တရားရုံး၊ ဖာပွန်မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများနှင့် တရားရုံးဝန်ထမ်းများမှ Video Conferencing စနစ်ဖြင့် သင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြပါသည်။ 

   သင်တန်းကို (၁၉-၁၂-၂၀၂၀) ရက်နေ့မှ (၂၀-၁၂-၂၀၂၀) ရက်နေ့ထိ ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်းတွင် မဟာဗျူဟာ၊ CMP ၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ လုပ်ငန်းတာဝန်များ၊ ငွေစာရင်းထိန်းသိမ်းခြင်းနှင့် ဌစ၊ တရားရုံးများလက်စွဲပါ သိမှတ်စရာများနှင့် အမှုတွဲ ထိန်းသိမ်းခြင်း၊ တရားစီရင်ရေးဆိုင်ရာဘာသာရပ်၊ ဝန်ထမ်းကျင့်ဝတ်နှင့်စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့် ရုံးစာ ရေးသားနည်း၊ အထွေထွေဗဟုသုတ ဘာသာရပ်များကို သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။