သတင်းများ

တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးအကြောင်းသိကောင်းစရာများ ဟောပြောပို့ချခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Post Image

           (၁၁- ၅-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၀၀)အချိန် ဘားအံမြို့၊ မြန်မာအပြည်ပြည်ဆိုင်ရာအနုညာတခုံရုံးအသင်း (ကရင်ပြည်နယ်ရုံးခွဲ)၌ ကျင်းပပြုလုပ်သော ဥပဒေပညာသင်ကြားမျှဝေခြင်းနှင့် MIAC အသင်းအကြောင်း မိတ်ဆက်ခြင်းအခမ်းအနားသို့ ကရင်ပြည်နယ်တရားလွှတ်တော်မှ စေ့စပ်ဖြေရှင်းရေးအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သက်သက်ဦး တက်ရောက်ပြီး တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးအကြောင်းသိကောင်းစရာများ ဟောပြောပို့ချခြင်းနှင့် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးအကြောင်းသိကောင်းစရာ (မြန်မာ၊ စကောကရင်၊ ပိုးကရင်၊ မွန်၊ ပအိုဝ်းဘာသာ)ဖြင့် ထုတ်ဝေထားသော လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာသော ရှေ့နေရှေ့ရပ်များမှ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ ပြည်နယ်အတွင်း အမှုလိုက်ပါဆောင်ရွက်သော  ရှေ့နေရှေ့ရပ် သင်တန်းသား/ သူ (၃၁) ဦးတက်ရောက်ခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ