တရားလွှတ်တော်

တရားသူကြီးချုပ် ဦးညွန့်လင်း

        ရန်ကုန်တက္ကသိုလ် (စာပေးစာယူသင်တန်း)မှ (၁၉၈၆)ခုနှစ်တွင် LL.B ဘွဲ့ရရှိခဲ့ပါသည်။ ဗဟိုတရားရုံးတွင် တရားရေးဝန်ထမ်းအဖြစ် လျှောက်ထားဖြေဆိုအောင်မြင်ခဲ့ပြီး တရားရေးဝန်ထမ်း အဆင့်(၄) အဖြစ် (၁၁- ၇- ၁၉၈၈) ရက်နေ့ မှ စတင်တာဝန် ထမ်းဆောင်ခဲ့၍ လုပ်ငန်းဝင်သင်တန်း တတ်ရောက်ပြီးနောက် တရားရေးဝန်ထမ်း အဆင့်(၄)အဖြစ် ဆားလင်းကြီးမြို့နယ်တရားရုံး၊ ဖရူဆိုမြို့နယ်တရားရုံး၊ ရေဦးမြို့နယ်တရားရုံး၊ ပန်းတောင်းမြို့နယ်တရားရုံး၊ တရားရေးဝန်ထမ်း အဆင့်(၃)အဖြစ် လင်းခေးမြို့နယ်တရားရုံး၊ ဒဂုံမြို့နယ်တရားရုံး၊ ကျောက်တန်းမြို့နယ်တရားရုံး၊ ပေါက်တောမြို့နယ်တရားရုံး၊ ရေတာရှည်မြို့နယ်တရားရုံး၊ ပန်းပဲတန်းမြို့နယ်တရားရုံး၊ တရားရေး ဝန်ထမ်းအဆင့်(၂)အဖြစ် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ မြောင်းမြခရိုင်တရားရုံး၊ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၊ တရားရေးဝန်ထမ်းအဆင့်(၁)အဖြစ် မင်းတပ်ခရိုင်တရားရုံး၊ ခန္တီးခရိုင်တရားရုံး၊ မြစ်ကြီးနားခရိုင်တရားရုံး၊ မိတ္ထီလာခရိုင်တရားရုံး၊ ပြည်နယ်တရားရေးဦးစီးမှူး အဖြစ် ကယားပြည်နယ်တရားလွှတ်တော်တို့တွင် (၂၃-၃-၂၀၂၂) အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။

          ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ (၂၃- ၃- ၂၀၂၂) ရက်နေ့မှစ၍ ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်ထားတာဝန်ပေးအပ်၍ (၂၉- ၁၂- ၂၀၂၄) ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။

         ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ (၂၉- ၁၂- ၂၀၂၄) ရက်နေ့မှစ၍ ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်ထားခံရ၍ တာဝန် ထမ်းဆောင်ဆဲ ဖြစ်ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ