တပေါင်းလပြည့်နေ့ မွန်းလွဲ ၃ နာရီက ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၏ တပေါင်းလပြည့်နေ့ ဗုဒ္ဓပူဇနိယပွဲတော်၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်းနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ခင်စိမ်းဝင်းနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်နွဲ့နွဲ့ဦး၊ ပြည်နယ် တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံး၊ ဖာပွန်ခရိုင်တရားရုံးနှင့် ကြာအင်းဆိပ်ကြီး ခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများနှင့် ရုံးဝန်ထမ်းများ တက်ရောက်ပြီး သံဃာတော်များ၊ သာမဏေများနှင့် သီလရှင်များအား ဝတ္ထုငွေနှင့် ဆွမ်းဆန်စိမ်းတို့ကို လောင်းလှူ ဆက်ကပ်ခဲ့ပါသည်။
\
ဆက်လက်၍ စတုဒိသာလှူဒါန်းပွဲကို မွန်းလွဲ ၅ နာရီတွင် ဘားအံမြို့မဘောလုံးကွင်း၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်းနှင့် ဇနီး တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံး၊ ဖာပွန်ခရိုင်တရားရုံးနှင့် ကြာအင်းဆိပ်ကြီးခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများ၊ ရုံးဝန်ထမ်းများနှင့်အတူ ပြည်နယ်တရားလွှတ်တော်မှ ကျွေးမွေးလှူဒါန်းသော ပေါင်မုန့်ထုပ် များဖြင့် ကုသိုလ်ပြုခဲ့ပါသည်။