သတင်းများ

တရားရုံးဝန်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးသင်တန်း အမှတ်စဉ် ၁/၂၀၂၅ ဆင်းပွဲ နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Post Image

           တရားရုံးဝန်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးသင်တန်း အမှတ်စဉ် ၁/၂၀၂၅ ဆင်းပွဲ နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

          အဆိုပါ အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် နှင့် ပြည်နယ် တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့်ပြည်နယ်တရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူးများ နှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဘားအံ၊ ကော့ကရိတ်၊ ဖာပွန် နှင့် ကြာအင်းဆိပ်ကြီးခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားသူကြီးများ စုစုပေါင်း (၂၃) ဦးနှင့် သင်တန်းသား/ သူ (၂၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

 

           အခမ်းအနားတွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်းက သင်တန်းဆင်း ဂုဏ်ပြုအမှာစကားပြောကြားပြီး ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်ပြုံးရီက သင်တန်းဖွင့်လှစ်ရာတွင် ကြီးကြပ်လမ်းညွှန်ကူညီဆောင်ရွက်ပေးသူများအား ကျေးဇူးတင်စကား ပြောကြားပါသည်။  ဆက်လက်၍ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်း နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်နွဲ့နွဲ့ဦး၊  ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်ပြုံးရီ တို့က ဆုရရှိသူများနှင့် အောင်လက်မှတ်များအား ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

 

            ၇- ၆- ၂၀၂၅၊ ၈- ၆-၂၀၂၅၊ ၁၄- ၆-၂၀၂၅ နှင့် ၁၅- ၆- ၂၀၂၅ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် များတွင် နံနက် ၈း၀၀ နာရီမှ ညနေ ၅း၀၀ နာရီထိ သင်တန်းဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် ရုံးစာရေးသားနည်း၊ ဝန်ထမ်းကျင့်ဝတ်နှင့် စည်းကမ်း၊ အမှုတွဲများ ထိန်းသိမ်းရေး၊ ငွေစာရင်း ထိန်းသိမ်းရေး၊ ဘဏ္ဍာရေးကျင့်စဉ်၊ ဝန်ထမ်းတစ်ဦးချင်း၏ လုပ်ငန်းတာဝန်များ၊ တရားရုံးများ လက်စွဲပါ စီမံရေးရာ နှင့် ထောက်ပံ့ရေးရာ ဘာသာရပ်တို့ကို သင်ကြားပို့ချပေးခဲ့ပါသည်။

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ