ကရင်ပြည်နယ်တရားလွှတ်တော်မှ ပြည်နယ်အတွင်းရှိ အရာထမ်း၊ အမှုထမ်းများ၏ သားသမီးများဖြစ်သည့် ကျောင်းနေအရွယ်ကလေးများအတွက် ပညာသင်စရိတ် ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး နှင့် ပြည်နယ်တရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူးများ နှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဘားအံ၊ ကော့ကရိတ်၊ ဖာပွန်နှင့် ကြာအင်းဆိပ်ကြီးခရိုင်/ မြို့နယ်တရားရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ နှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်းက အဖွင့် အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က အထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ KG နှင့် မူကြို ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်များကို ချီးမြှင့်ပေးအပ်ခဲ့သည်။
ကရင်ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်တရားရုံး၊ ကော့ကရိတ်ခရိုင်တရားရုံး၊ မြဝတီခရိုင်တရားရုံး၊ ဖာပွန်ခရိုင်တရားရုံး၊ ကြာအင်းဆိပ်ကြီးခရိုင်တရားရုံး၊ သံတောင်ကြီး ခရိုင်တရားရုံး၊ ဘားအံမြို့နယ်တရားရုံး၊ လှိုင်းဘွဲမြို့နယ်တရားရုံး၊ သံတောင်ကြီးမြို့နယ် တရားရုံး၊ ကော့ကရိတ်မြို့နယ်တရားရုံး၊ ကြာအင်းဆိပ်ကြီးမြို့နယ်တရားရုံး၊ မြဝတီမြို့နယ် တရားရုံး နှင့် ဖာပွန်မြို့နယ်တရားရုံးများမှ အရာထမ်း၊ အမှုထမ်းများ၏ ကျောင်းနေအရွယ် ကလေးစုစုပေါင်း (၅၅)ဦး အတွက် ပညာသင်စရိတ်များကို ချီးမြှင့်ပေးအပ်ခဲ့သည်။