ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ (၁၉၈၃)ခုနှစ်တွင် LL.B ဘွဲ့ ရရှိပါသည်။ ဗဟိုတရားရုံးတွင် တရားရေးဝန်ထမ်းအဖြစ် လျှောက်ထား ဖြေဆိုအောင်မြင်ခဲ့ပြီး တရားရေးဝန်ထမ်းအဆင့် (၄)အဖြစ် (၁၃- ၇- ၁၉၈၇) ရက်နေ့မှ စတင်တာဝန်ထမ်းဆောင်၍ လုပ်ငန်းဝင်သင်တန်း တက်ရောက်ပြီးနောက် တရားရေးဝန်ထမ်းအဆင့် (၄) အဖြစ် မိတ္ထီလာမြို့နယ်တရားရုံး၊ ဗဟိုတရားရုံး (ရန်ကုန်)၊ ကျောက်တံတားမြို့နယ်တရားရုံး၊ မော်တော်ယာဉ်တရားရုံး (ပန်ဘဲတန်းမြို့နယ်)၊ တရားရေးဝန်ထမ်းအဆင့် (၃) အဖြစ် ပြည်ကြီးတံခွန် မြို့နယ်တရားရုံး၊ အောင်မြေသာစံမြို့နယ်တရားရုံး၊ ရေဦးမြို့နယ်တရားရုံး၊ တရားရေးဝန်ထမ်းအဆင့်(၂) အဖြစ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် (နေပြည်တော်)၊ အရှေ့ပိုင်းခရိုင်တရားရုံး၊ တရားရေးဝန်ထမ်းအဆင့် (၁)အဖြစ် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်၊ ကျောက်ဖြူခရိုင်တရားရုံး၊ စစ်ကိုင်းခရိုင်တရားရုံး၊ တောင်ကြီးခရိုင်တရားရုံး၊ ပြည်နယ်တရားရေးဦးစီးမှူးအဖြစ် ကရင်ပြည်နယ်တရားလွှတ်တော် တို့တွင် (၂၀၂၁) ခုနှစ်၊ဖေဖော်ဝါရီလအထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ (၁-၃-၂၀၂၁) ရက်နေ့မှစ၍ ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ခန့်ထားခြင်းခံရပြီး ယနေ့အထိ တာဝန်ထမ်းဆောင်ဆဲ ဖြစ်ပါသည်။