တရားသူကြီး ဒေါ်နွဲ့နွဲ့ဦး
တရားသူကြီး ဒေါ်နွဲ့နွဲ့ဦးသည် ကရင်ပြည်နယ်တရားလွှတ်တော်၊ တရားသူကြီးအဖြစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ခန့်အပ်တာဝန်ပေးခံရပါသည်။ ၎င်းသည် တရားလွှတ်တော်တရားသူကြီးအဖြစ် တာဝန်ပေးအပ်ခြင်းမခံရမီက ကရင်ပြည်နယ်တရား လွှတ်တော်၊ တရားရေးဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။
တရားလွှတ်တော်တရားသူကြီး ဒေါ်နွဲ့နွဲ့ဦးသည် ၁၉၆၅ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သူ ဖြစ်ပါသည်။ ၎င်းသည် ဥပဒေဘွဲ့ (မဟာဥပဒေတန်းတက်ရန် အရည်အချင်းမီ) ကို ၁၉၈၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ပါသည်။ တရားရေးဝန်ထမ်းအဆင့် (၄) အဖြစ် ၁၉၉၁ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး အဆင့်ဆင့် ရာထူးတိုးမြှင့်ခံရပြီးနောက် ကရင်ပြည်နယ်တရားလွှတ်တော် တရားရေးဦးစီးမှူးအထိ တရားရေးဝန်ထမ်း လုပ်သက် (၃၄) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။