သတင်းများ

ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီး မှ မြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းအချုပ်ခန်းတို့အား သွားရောက် ကြည့်ရှုစစ်ဆေးခြင်း
Post Image

         

        ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်းသည် ပြည်နယ်တရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ညိုမီလတ်၊ ဘားအံခရိုင်တရားသူကြီး ဒေါ်အေးအေးမြင့်၊ ဘားအံမြို့နယ်တရားသူကြီး ဒေါ်ယဉ်မင်းသူ၊ ရုံးအုပ် ဒေါ်ခင်မာချိုတို့ လိုက်ပါ၍ (၂- ၁၂- ၂၀၂၂) ရက်နေ့တွင် ဘားအံမြို့ ထုံးအိုင်နယ်မြေရဲစခန်းအချုပ်ခန်းနှင့် မြိုင်ကလေးနယ်မြေရဲစခန်းအချုပ်ခန်းကို လည်းကောင်း၊ (၅- ၁၂- ၂၀၂၂)ရက်နေ့တွင် လှိုင်းဘွဲမြို့မရဲစခန်းအချုပ်ခန်းနှင့် ရွှေဂွန်းနယ်မြေရဲစခန်းအချုပ်ခန်းကို လည်းကောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ညွှန်ကြားချက်အမှတ် (၅/၂၀၁၃)နှင့်အညီ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးက အချုပ်သားများအား ဥပဒေပါအခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိမှု ရှိ/မရှိ၊ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ စားသောက်ရာတွင် အာဟာရသင့်တင့်မျှတမှု ရှိ/မရှိ၊ ကျန်းမာရေးပြည့်စုံမှု ရှိ/မရှိ၊ ကျန်းမာရေးမကောင်းပါက ဆေးကုသခွင့်ရှိ/မရှိ၊ နှိပ်စက်ညှင်းပမ်းမှု၊ မတရားပြုမှု ရှိ/မရှိတို့နှင့်စပ်လျဉ်း၍ မေးမြန်းကာ အချုပ်ခန်းအား စစ်ဆေးကြည့်ရှုပြီးနောက် လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ