သတင်းများ

တရားရုံးဝန်ထမ်းများ ရုံးလုပ်ငန်း အရည်အသွေးမြှင့်သင်တန်း အမှတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Post Image

        တရားရုံးဝန်ထမ်းများ ရုံးလုပ်ငန်းအရည်အသွေးမြှင့်သင်တန်း အမှတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့ မွန်းလွဲ (၁၅:၀၀) နာရီအချိန်၌ ကျင်းပခဲ့ရာ ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက သင်တန်းဆင်း ဂုဏ်ပြုအမှာစကားပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခြင်း၊ အောင်လက်မှတ်များ ပေးအပ်ခြင်းနှင့် ဦးစီးအရာရှိအဖြစ် ရာထူးတိုးမြှင့်ခြင်းခံရသော ရုံးအုပ် ဒေါ်ခင်မာချိုအား တရားရေးဝန်ထမ်း ရင်ထိုးတံဆိပ်အား ပေးအပ်ခဲ့ပါသည်။


       အဆိုပါ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး နှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံး၊ ဖာပွန်ခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများ နှင့် သင်တန်းသား/ သူ (၂၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ