သတင်းများ

တရားရုံးအသုံးပြုသူများအတွက် ဝန်ဆောင်မှုဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်ခြင်း
Post Image

       တရားရုံးအသုံးပြုသူများအတွက် ဝန်ဆောင်မှုဆိုင်ရာဆင့်ပွားသင်တန်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက သင်တန်းဖွင့် အမှာစကားပြောကြားပါသည်။
     အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး နှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ်တရားရုံးတို့မှ သင်တန်းသား တရားရေးအရာရှိ  (၁၉) ဦး နှင့် တရားရုံးဝန်ထမ်း (၄၄) ဦး တို့ တက်ရောက်ခဲ့ပါသည်။

        သင်တန်းတွင် ပြည်နယ်တရားရေးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်နီနီအေးနှင့် ကြာအင်းဆိပ်ကြီးခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး  ဦးမောင်မောင်သက်လွင်တို့က တရားရုံးအသုံးပြုသူများအတွက် ဝန်ဆောင်မှုဆိုင်ရာများကို  Power Point ဖြင့် သင်ကြားပို့ချပေးခြင်း၊ Group အလိုက် ဆွေးနွေးခြင်း နှင့် ပြန်လည်ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ