သတင်းများ

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စူဠဘွဲနှင်းသဘင် အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တက်ရောက်ပြီး စာအောင်သံဃာ၊ သီလရှင်များအား စာအောင်ဆုများချီးမြှင့်ခြင်း နှင့် ဝတ္ထုငွေလောင်းလှူဆက်ကပ်ခြင်း
Post Image

            ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို (၁၈- ၁- ၂၀၂၅) ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း တက်ရောက်ပြီး စာအောင် သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆု အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

          

          ဆက်လက်၍  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်သည်  ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံး၊ ကော့ကရိတ်ခရိုင်/ မြို့နယ်တရားရုံး၊ ဖာပွန်ခရိုင်/ မြို့နယ်တရားရုံးနှင့် ကြာအင်းဆိပ်ကြီးခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများ၊ ရုံးဝန်ထမ်းများနှင့်အတူ စာအောင်သံဃာတော်များ၊ သာမ‌ဏေများနှင့် သီလရှင်များအား ဝတ္ထုငွေများ လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ