ရှေ့နေလိုင်စင်နှင့်ပတ်သက်သည့်အချက်အလက်များ
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်လက်အောက်ရှိ ခရိုင်တရားရုံးများ၊ မြို့နယ် တရားရုံးများမှတရားသူကြီးများ၊ တရားရေးအရာရှိများ၊ တရားရုံးဝန်ထမ်းများ၏ တရားလွှတ်တော်ရှေ့နေလျှောက်ထားမှု နှင့်ပတ်သက်၍ အောက်ပါအချက်အလက်များ ပြည့်စုံစွာတင်ပြပါက ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်မှ စုစည်းပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်ပြပေးပို့ ဆောင်ရွက်ပေးပါသည်။
အထက်ပါလျှောက်လွှာနှင့်အတူ
(၁) အထက်တန်းပညာစာမေးပွဲအောင်လက်မှတ်မူရင်းနှင့်မိတ္တူ
(၂) ဥပဒေဝိဇ္ဇာဘွဲ့၊ဥပဒေဘွဲ့၊မှတ်ပုံတင်ရှေ့နေ/အထက်တန်းရှေ့နေ/စာမေးပွဲအောင် လက်မှတ်မူရင်းနှင့် မိတ္တူ
(၃) အလုပ်သင်ပြီးဆုံးကြောင်းထောက်ခံစာ
(၄) အကျင့်စာရိတ္တအတွက်ထောက်ခံသူ(၂)ဦး၏ထောက်ခံစာ
(၅) အလုပ်အကိုင်မရှိကြောင်းကျမ်းကျိန်လွှာ
(၆) အလုပ်သင်ဆင်းစဉ်က လက်ခံကြောင်း ဤရုံးမှ အကြောင်းကြားစာ
(၇) တာဝန်ခံကတ်ပြားကို ထုတ်ယူရန် အထူးကပ်ခေါင်းကပ်ရန်
(၈) နိုင်ငံတော်စိစစ်ရေးကတ်ပြားမူရင်းနှင့်မိတ္တူ
(၉) တိုက်ပုံအနက်ဖြင့် လိုင်စင်ဓာတ်ပုံ(၃)ပုံ
(၁၀) မိသားစုသန်းခေါင်စာရင်းမူရင်းနှင့်မိတ္တူ
(၁၁) ရပ်ကွက် နှင့် ရဲစခန်းထောက်ခံစာမူရင်းတို့ ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။