သတင်းများ

ပြည်နယ်တရားလွှတ်တော်တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပ
Post Image

        ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁၀:၃၀ နာရီအချိန်တွင် ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။

            အခမ်းအနားတွင် နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ တက်ရောက်လာသူ ဧည့်ပရိသတ် အပေါင်းတို့က ဓမ္မပီယကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ဆက်လက်၍ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်းနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်နွဲ့နွဲ့ဦးနှင့် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်မြတ်ခိုင်ဝင်းတို့က သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

           ထို့နောက် အခမ်းအနားသို့ ဓမ္မပီယကျောင်းတိုက်မှ ပင့်ဖိတ်ထားသည့် သံဃာတော် အရှင်သူမြတ်တို့အား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ နှင့် ပြည်နယ်တရားရေးဦးစီးမှူးတို့က နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ