ဘားအံ အောက်တိုဘာ ၂၂
သီတင်းကျွတ်လပြည့်နေ့အခါသမယအကြို ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့၊ နံနက် ၇:၀၀ နာရီအချိန်တွင် ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၌ ကျင်းပသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်းနှင့် ဇနီး ဒေါ်ကြူကြူသင်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်မြတ်ခိုင်ဝင်းနှင့် ပြည်နယ်တရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ရုံးဝန်ထမ်းများ၊ ဘားအံခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားသူကြီးများနှင့် ရုံးဝန်ထမ်းများက ရဟန်း၊ သာမဏေနှင့် သီလရှင် စုစုပေါင်း (၂၇၈၀)ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် ဝတ္ထုငွေများ ဆက်ကပ် လောင်းလှူခဲ့ကြပါသည်။








