သတင်းများ

သီတင်းကျွတ်လပြည့်နေ့အထိမ်းအမှတ် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ၊ သံဃပဝါရဏာ သိမ်ဆင်းလောင်းလှူပွဲ နှင့် ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲများသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် တက်ရောက်
Post Image

ဘားအံ                        အောက်တိုဘာ   ၂၆

            ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် သီတင်းကျွတ် လပြည့်နေ့ အထိမ်းအမှတ် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို (၂၆-၁၀-၂၀၂၆) ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ သီရိကွင်း၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ တက်ရောက်ပြီး ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများ၊ ရုံးဝန်ထမ်းများနှင့်အတူ မီးပုံးပျံကြီးကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ လွှတ်တင်ပူဇော်ခဲ့ကြသည်။

        ဆက်လက်၍ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် ဘားအံမြို့၊ မဲဘောင်ကျောင်း၌ ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော သံဃပဝါရဏာသိမ်ဆင်းလောင်းလှူပွဲကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း တက်ရောက်ပြီး ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများ၊ ရုံးဝန်ထမ်းများနှင့်အတူ ရဟန်း၊ သာမဏေများအား ဝတ္ထုငွေနှင့် ဆေးဝါးများ လောင်းလှူ ဆက်ကပ်ခဲ့ပါသည်။

        ထိုနေ့ ည (၇:၀၀)နာရီအချိန်တွင်  ဘားအံမြို့၊ သေဋ္ဌမာရ်အောင် ဘုရားကြီး၌ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲကို ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်း နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများ၊ ရုံးဝန်ထမ်းများ တက်ရောက်ပြီး ဆီမီးများ ထွန်းညှိ ပူဇော်ခဲ့ပါသည်။

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ