သတင်းများ

ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်းက ဘားအံအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးခြင်း
Post Image

ဘားအံ                        အောက်တိုဘာ   ၁၅

          ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်းသည် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်မြတ်ခိုင်ဝင်း၊ ရုံးအဖွဲ့မှူး ဒေါ်မျိုးမာလာခင်၊ ဘားအံခရိုင်တရားသူကြီး ဒေါ်သက်သက်ဦး၊ ဘားအံမြို့နယ်တရားသူကြီး ဒေါ်နန်းသီရိခင်ခင်တို့နှင့်အတူ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် နံနက် (၀၈:၀၀)နာရီအချိန်တွင် ဘားအံအကျဉ်းထောင်သို့ သွားရောက် စစ်ဆေးခဲ့ရာ ဘားအံအကျဉ်းထောင် တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ဌေးက အချုပ်ခံရသူများနှင့် ပြစ်ဒဏ်ကျခံနေသော အကျဉ်းသား/သူများ၏ နေထိုင် စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ သောက်သုံးရေရရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

         ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်အဖွဲ့သည် အချုပ်ခံနေရသော အကျဉ်းသား/ အကျဉ်းသူများနှင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/ သူများ၏ အိပ်ဆောင်များ၊ စားဖိုဆောင်၊ အကျဉ်းထောင်ဆေးခန်း၊ အကျဉ်းထောင်ရေသန့်စက်ရုံ၊ ထောင်တွင်းစိုက်ခင်းများကို လှည့်လည်ကြည့်ရှု၍ အချုပ်ခံနေရသူများ၊ ပြစ်ဒဏ်ကျခံ နေရသူများနှင့် တွေ့ဆုံပြီး နေရာထိုင်ခင်း၊ အစားအသောက်နှင့် မကျန်းမာပါက ဆေးကုသခွင့် ရှိ မရှိ၊  နှိပ်စက်ညှင်းပန်းခြင်း ရှိ မရှိ၊ အမျိုးသမီး တရားခံများကို အကာအရံ လုံခြုံစွာထားရှိမှု အခြေအနေနှင့် ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်ရေးစသည်တို့နှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

 

နှစ်စဉ် အစီအရင်ခံစာ