ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကိုသည် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့ နံနက် (၀၉:၅၀) နာရီအချိန်တွင် ပြည်နယ်တရားလွှတ်တော်မှ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်စန်းဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းစိုးတို့ လိုက်ပါလျှက် ဘားအံမြို့၊ မာလာဖူး ကုန်ထုတ်စခန်း(မြိုင်ကလေး)သို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ညွှန်ကြားချက်အမှတ် (၅/၂၀၁၃)နှင့်အညီ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ စခန်းတာဝန်ခံအရာရှိ ဦးမြင့်ဦးက ဧည့်ခန်းမဆောင်တွင် စခန်း၏လုပ်ငန်းတာဝန်များ၊ စီမံခန့်ခွဲရေး၊ ထောက်ပံ့ရေးဆိုင်ရာများ၊ အကျဉ်းသားများ၏ အခြေအနေ၊ နေထိုင်စားသောက်မှု၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုနှင့် သောက်သုံးရေရှိသုံးစွဲမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က အကျဉ်းသားများအား ဥပဒေပါအခွင့်အရေးများရရှိခြင်း ရှိ/မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိမှု ရှိ/မရှိ၊ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ စားသောက်ရာတွင် အာဟာရသင့်တင့်မျှတမှု ရှိ/မရှိ၊ ကျန်းမာရေးပြည့်စုံမှု ရှိ/မရှိ၊ ကျန်းမာရေးမကောင်းပါက ဆေးကုသခွင့်ရှိ/မရှိ၊ နှိပ်စက် ညှင်းပမ်းမှု၊ မတရားပြုမှု ရှိ/မရှိ၊ ပြင်ပနှင့် ဆက်သွယ်ပေးခြင်း ရှိ/မရှိ၊ ဘာသာရေးကိုးကွယ်ခွင့် ရှိ/မရှိတို့နှင့်စပ်လျဉ်း၍ မေးမြန်းကာ အကျဉ်းသားများ၏ အိပ်ဆောင်၊ ကျန်းမာရေးဆေးပေးခန်း၊ စားဖိုဆောင်၊ ဧည့်တွေ့ခန်းနှင့် စာကြည့်တိုက်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီးနောက် လိုအပ် သည်များကို မှာကြားခဲ့သည်။