သတင်းများ

တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်း (၂/၂၀၂၆)ကို Video Conferencing (Zoom)ဖြင့် ဖွင့်လှစ်ခြင်း
Post Image

အောက်တိုဘာ          ၇

          တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်း (၂/၂၀၂၆)ကို ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမတွင် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၀၉:၃၀ နာရီအချိန်၌ ဖွင့်လှစ်ခဲ့ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်းက သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

           အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ သင်တန်း နည်းပြများဖြစ်သော ပြည်နယ်တရားလွှတ်တော်၊ စေ့စပ်ဖြေရှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်မာဦး၊ စေ့စပ်ဖြေရှင်းရေးအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး (၂)ဦး နှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိ စုစုပေါင်း (၃၃) ဦး နှင့် သင်တန်းသား/ သင်တန်းသူ တရားရုံးဝန်ထမ်း စုစုပေါင်း (၇၆) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

          သင်တန်းသို့ သင်တန်းသား/ သင်တန်းသူ တရားရုံးဝန်ထမ်း (၄၄) ဦးက In person တက်ရောက်၍ ကော့ကရိတ်ခရိုင်/ မြို့နယ်တရားရုံး၊ မြဝတီခရိုင်/ မြို့နယ်တရားရုံး၊ ကြာအင်းဆိပ်ကြီးခရိုင်/ မြို့နယ်တရားရုံး၊ သံတောင်ကြီးခရိုင်/ မြို့နယ်တရားရုံးနှင့် လှိုင်းဘွဲမြို့နယ်တရားရုံးတို့မှ သင်တန်းသား/ သင်တန်းသူ တရားရုံးဝန်ထမ်း (၃၂) ဦး တို့မှာ Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။

          သင်တန်းတွင် ပြည်နယ်တရားလွှတ်တော်၊ စေ့စပ်ဖြေရှင်းရေးဌာနမှ စေ့စပ်ဖြေရှင်းရေး တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်မာဦးက စေ့စပ်ဖြေရှင်းရေးလုပ်ငန်းစဉ်၊ စေ့စပ်ဖြေရှင်းရေးအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရူပါနေဝင်းက စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်နိုင်သူများနှင့် လိုက်နာရမည့်အချက်များ၊ စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်ရာတွင် စေ့စပ်ဖြေရှင်းရေးဌာနက ဆောင်ရွက်သည့်လုပ်ငန်းများ၊ စေ့စပ်ဖြေရှင်းရေးအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးမို့မို့က စေ့စပ်ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ တရားရုံးက ဆောင်ရွက်သည့် လုပ်ငန်းများကို Power Point ဖြင့် ဆွေးနွေးပို့ချပေးခဲ့ပါသည်။