သတင်းများ

ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်းက ဘားအံမြို့မရဲစခန်း အချုပ်ခန်းအား ကြည့်ရှုစစ်ဆေး
Post Image

ဘားအံ ၊   ဇွန် ၁၆

          ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်းသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ရုံးမှ ရုံးအဖွဲ့မှူး ဒေါ်မျိုးမာလာခင်၊ ဘားအံခရိုင်တရားသူကြီး ဒေါ်သက်သက်ဦး၊ ဘားအံမြို့နယ်တရားသူကြီး ဒေါ်နန်းသီရိခင်ခင်တို့ လိုက်ပါလျက် ၁၆- ၆-၂၀၂၆ ရက်နေ့တွင် ဘားအံမြို့မရဲစခန်း အချုပ်ခန်းအား ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာ စခန်းတာဝန်ခံအရာရှိက ရဲစခန်း အချုပ်ခန်း၏ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

          ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီး နှင့် တာဝန်ရှိသူများသည် အချုပ်ခန်းအတွင်း အချုပ်သား/သူများ နေထိုင်သည့် အဆောင်များ၊ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို လှည့်လည်ကြည့်ရှု၍ ၎င်းတို့၏ ဥပဒေပါ အခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ ၊ နေရာထိုင်ခင်းအဆင်ပြေမှု ရှိ/မရှိ၊ စားသောက်ရာတွင် အာဟာရသင့်တင့်မျှတမှု ရှိမရှိ နှင့် ကျန်းမာရေးစောင့်ရှောက်မှု ရ/မရ အခြေအနေများကို ကြည့်ရှုစစ်ဆေးမေးမြန်းပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် စခန်းတာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ