သတင်းများ

ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်နွဲ့နွဲ့ဦးက ဘားအံမြို့နယ်အတွင်းရှိ ရဲစခန်းအချုပ်ခန်းများအား ကြည့်ရှုစစ်ဆေး
Post Image

ဘားအံ ၊   ဇွန် ၁၈

          ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်နွဲ့နွဲ့ဦးသည် ယနေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ အိန္ဒုနယ်မြေရဲစခန်းနှင့် ဇာသပြင်နယ်မြေရဲစခန်း အချုပ်ခန်းများအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ရုံးမှ ရုံးအဖွဲ့မှူး ဒေါ်မျိုးမာလာခင်၊ ဘားအံခရိုင်တရားသူကြီး ဒေါ်သက်သက်ဦး၊ ဘားအံမြို့နယ်တရားသူကြီး ဒေါ်နန်းသီရိခင်ခင်တို့ လိုက်ပါလျက် ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာ စခန်းတာဝန်ခံအရာရှိများက ရဲစခန်းအချုပ်ခန်းများ၏ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

         ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီး နှင့် တာဝန်ရှိသူများသည် အချုပ်ခန်းအတွင်း အချုပ်သား/သူများ နေထိုင်သည့် အဆောင်များ၊ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို လှည့်လည်ကြည့်ရှု၍ စခန်းတာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ