တရားရုံးဝန်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးသင်တန်း အမှတ်စဉ် ၁/၂၀၂၆ ဆင်းပွဲ နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့၊ ၁၅:၀၀ နာရီ အချိန်တွင် ကရင်ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ပြည်နယ်တရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူးများနှင့် လက်ထောက် ညွှန်ကြားရေးမှူးများ၊ ခရိုင်/မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိ (၂၂)ဦးနှင့်သင်တန်းသား/သူ (၁၈)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်းက သင်တန်းဆင်း ဂုဏ်ပြုအမှာစကားပြောကြားပါသည်။ ဆက်လက်၍ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ခင်စိမ်းဝင်းနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်နွဲ့နွဲ့ဦး၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်မြတ်ခိုင်ဝင်းတို့က သင်တန်းသား/သူများအား ထူးချွန်ဆုများနှင့် အောင်လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
၈- ၆- ၂၀၂၆ ရက်နေ့မှ ၁၉- ၆- ၂၀၂၆ ရက်နေ့ထိ နံနက် ၈း၀၀ နာရီမှ နံနက် ၁၀:၀၀ နာရီထိ သင်တန်းဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် စေ့စပ်ဖြေရှင်းရေးလက်စွဲ၊ ရုံးစာရေးသားနည်း၊ တရားရုံးများလက်စွဲပါ စီမံရေးရာနှင့် ထောက်ပံ့ရေးရာ၊ အမှုတွဲများ ထိန်းသိမ်းရေး၊ ပြစ်မှုနှင့် တရားမ၊ ဝန်ထမ်းကျင့်ဝတ်၊ စည်းကမ်းနှင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ လုပ်ငန်းတာဝန်များ၊ ငွေစာရင်း ထိန်းသိမ်းရေးနှင့် ဘဏ္ဍာရေးကျင့်စဉ် ဘာသာရပ်တို့ကို သင်ကြားပို့ချပေးခဲ့ပါသည်။






_1781923260.jpg)