သတင်းများ

ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်းက လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရဲစခန်း အချုပ်ခန်းများအား ကြည့်ရှုစစ်ဆေး
Post Image

ဘားအံ ၊   ဇွန် ၂၃

          ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်းသည် ယနေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်အတွင်းရှိ ထီလုံနယ်မြေရဲစခန်း အချုပ်ခန်းအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ရုံးမှ ရုံးအဖွဲ့မှူး ဒေါ်မျိုးမာလာခင်၊ ဘားအံခရိုင်တရားသူကြီး ဒေါ်သက်သက်ဦးတို့ လိုက်ပါလျက် ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာ စခန်းတာဝန်ခံအရာရှိက ရဲစခန်း အချုပ်ခန်း၏ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

         ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီး နှင့် တာဝန်ရှိသူများသည် အချုပ်ခန်းအတွင်း အချုပ်သား/သူများ နေထိုင်သည့် အဆောင်များ၊ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ကို လှည့်လည်ကြည့်ရှု၍ စခန်းတာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ