သတင်းများ

တရားရုံးဝန်ဆောင်မှု ဆင့်ပွားသင်တန်း ဖွင့်လှစ်ခြင်း
Post Image

        တရားရုံးဝန်ဆောင်မှု ဆင့်ပွားသင်တန်းကို ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမတွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့၊ နံနက် ၀၈:၀၀ နာရီ အချိန်၌ Video Conferencing (Zoom) ဖြင့် ဖွင့်လှစ်ခဲ့ရာ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်မြတ်ခိုင်ဝင်းက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပါသည်။
          အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်မြတ်ခိုင်ဝင်း၊ သင်တန်း နည်းပြများဖြစ်သော  ဘားအံခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဒေါ်သက်သက်ဦးနှင့် တွဲဖက် ခရိုင်တရားသူကြီး ဦးထွန်းနိုင်၊ ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ် တရားရုံးတို့မှ သင်တန်းတက်ရောက်သူ တရားရေးအရာရှိ  (၁၉) ဦး နှင့် တရားရုံးဝန်ထမ်း (၂၆)ဦးတို့မှာ In person တက်ရောက်၍ ကော့ကရိတ်ခရိုင်/ မြို့နယ်တရားရုံး၊ မြဝတီခရိုင်/ မြို့နယ်တရားရုံး၊ ကြာအင်းဆိပ်ကြီးခရိုင်/ မြို့နယ်တရားရုံး၊ သံတောင်ကြီးခရိုင်/ မြို့နယ်တရားရုံး နှင့် လှိုင်းဘွဲ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိ (၉)ဦး နှင့် တရားရုံးဝန်ထမ်း (၂၄)ဦး တို့မှာ Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။
         

   

         သင်တန်းတွင် ဘားအံခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဒေါ်သက်သက်ဦးနှင့်  တွဲဖက်ခရိုင်တရားသူကြီး ဦးထွန်းနိုင် တို့က တရားရုံးအသုံးပြုသူများအတွက် ဝန်ဆောင်မှု ဆိုင်ရာများကို  Power Point ဖြင့် သင်ကြားပို့ချပေးခဲ့ပြီးနောက် Group အလိုက် ဆွေးနွေးခြင်း နှင့် ပြန်လည်ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ