၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ချီးမြှင့်ပွဲနှင့် ထူးချွန် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်းနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး နှင့် ပြည်နယ်တရား လွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဘားအံခရိုင်/ မြို့နယ်၊ ဖာပွန်ခရိုင်/ မြို့နယ်တရားရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ၊ ပညာသင်စရိတ် လက်ခံရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ၎င်းတို့၏မိဘများလည်း တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်းက အဖွင့်အမှာစကားပြောကြားပါသည်။ ဆက်လက်၍ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများနှင့် ပြည်နယ်တရားရေးဦးစီးမှူးတို့က အထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ KG နှင့် မူကြိုကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်များ ထောက်ပံ့ချီးမြှင့်ခြင်းနှင့် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပါသည်။
ကရင်ပြည်နယ်အတွင်းရှိ ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ်တရားရုံးများမှ အရာထမ်း၊ အမှုထမ်းများ၏ သားသမီးများဖြစ်သော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၈)ဦး အတွက် ပညာသင်စရိတ်များ ထောက်ပံ့ချီးမြှင့်ခြင်းနှင့် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကရင်ပြည်နယ်အတွင်း ဝိပ္ပံဘာသာတွဲ (STEAMS-2) ပထမဆုရ (၄) ဘာသာ ဂုဏ်ထူးရှင် (၁)ဦး နှင့် ရိုးရိုး အောင်မြင်သူ (၁)ဦးတို့အား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။






