သတင်းများ

ပြည်နယ်တရားလွှတ်တော်မှ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) အကြိမ် (၃၀) မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ တက်ရောက်လောင်းလှူ
Post Image

        အကြိမ် (၃၀)မြောက် ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့၊ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ၁၃:၀၀ နာရီအချိန်တွင် ဘားအံမြို့၊ သေဋ္ဌမာရ်အောင်ဘုရားကြီး၌ ကျင်းပသည်။

       အဆိုပါ အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဘားအံခရိုင်/ မြို့နယ်တရားရုံး နှင့် ဖာပွန်ခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားသူကြီးများနှင့် ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြ ပါသည်။

           အခမ်းအနားတွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်းနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်နွဲ့နွဲ့ဦး၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်မြတ်ခိုင်ဝင်း နှင့် တရားရေးအရာရှိများ၊ တရားသူကြီးများနှင့် ရုံးဝန်ထမ်းတို့က ရဟန်း၊ သာမဏေ နှင့် သီလရှင် (၃၂၄၂)ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လောင်းလှူခဲ့ပါသည်။

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ