သတင်းများ

ပြည်နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများအတွက် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ခြင်း
Post Image

          ကရင်ပြည်နယ်တရားလွှတ်တော်မှ  ပြည်နယ်အတွင်းရှိ တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများ၏ ကျောင်းနေအရွယ်ကလေးများအတွက် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ခြင်းအခမ်းအနားကို ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာသော အရာထမ်း၊ အမှုထမ်းများ၏ သား၊ သမီးများအား ကျောင်းသုံးစာရေးကိရိယာများနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း၊ ပြည်နယ်အစိုးရအဖွဲ့က ကျင်းပပြုလုပ်ခဲ့သော သင်္ကြန်ယိမ်းအကပြိုင်ပွဲတွင် တစ်ပင်တိုင်အက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်  ရုံးဝန်ထမ်း(၁)ဦးအား ဂုဏ်ပြုအမှတ်တရလက်ဆောင် ပေးအပ်ခြင်းတို့ကို ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများနှင့် ပြည်နယ်တရားရေးဦးစီးမှူးတို့က ပေးအပ်ချီးမြှင့်ခဲ့ပါသည်။


             အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများ၊ ရုံးဝန်ထမ်းများနှင့် ၎င်းတို့၏ သား၊ သမီးများ တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ