သတင်းများ

တရားရုံးဝန်ထမ်းများ ရုံးလုပ်ငန်း အရည်အသွေးမြှင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ ကျင်းပခြင်း
Post Image

         တရားရုံးဝန်ထမ်းများ ရုံးလုပ်ငန်းအရည်အသွေးမြှင့်သင်တန်း (၁/၂၀၂၂)ဖွင့်ပွဲကို ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၃)ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်၌ ကျင်းပခဲ့ရာ ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်းနှင့် ဦးညွန့်လင်း၊  ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦး တို့မှလည်း သင်တန်းနှင့် ပတ်သက်၍ လိုအပ်သည်များကို မှာကြားခဲ့ပါသည်။


 

        အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး နှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများနှင့် သင်တန်းသား/သူ (၂၂) ဦးတို့ တက်ရောက်ခဲ့ပါသည်။ သင်တန်းကို (၁၃- ၆-၂၀၂၂) ရက်နေ့မှ (၁၇- ၆-၂၀၂၂) ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတွင်  CMP+ မဟာဗျူဟာ၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ လုပ်ငန်းတာဝန်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးဘာသာရပ်၊ အမှုတွဲထိန်းသိမ်းခြင်းနှင့် အမှုတွဲထိန်း၏တာဝန်၊ စစ်ဆေးရေးဘာသာရပ်၊ ငွေစာရင်းထိန်းသိမ်းခြင်း၊ ဘီလစ်လုပ်ငန်းနှင့် ဆင့်စာလုပ်ငန်းတာဝန်များ၊  ရုံးစာရေးသားနည်း၊ အမှုတွဲမိတ္တူကူးခြင်း၊ Mediationတို့ကို သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ