သတင်းများ

ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲသို့ တက်ရောက်
Post Image

      ဘားအံမြို့၊ သေဌမာရ်အောင်ဘုရားကြီးတွင် (၁၂- ၇- ၂၀၂၂) ရက်နေ့၊ မွန်းလွဲ (၁၃း၀၀)နာရီအချိန်၌ ကျင်းပပြုလုပ်သော (၂၂)ကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း တက်ရောက်ပြီး ရဟန်း၊ သာမဏေနှင့် သီလရှင်တို့အား ဆွမ်းဆန်စိမ်း နှင့် ဝတ္ထုငွေများ လောင်းလှူဆက်ကပ်ခဲ့သည်။


       အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးနှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများနှင့် ဝန်ထမ်းများ တက်ရောက်၍ ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ခဲ့ကြသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ