သတင်းများ

တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပပြုလုပ်
Post Image

        တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ မိတ်ဆက်ခြင်းအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်၊ နံနက် (၈:၀၀) အချိန်က ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ကရင်ပြည်နယ်တရားလွှတ်တော်မှ စေ့စပ်ဖြေရှင်းရေးအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာစမ်းက စေ့စပ်ဖြေရှင်းရေးလုပ်ငန်းစဉ်များကို Power Point ဖြင့် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ရှေ့နေရှေ့ရပ်များနှင့် ဘားအံတက္ကသိုလ်၊ ဥပဒေပညာဌာနမှ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။
        အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ပြည်နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဥက္ကဌ၊ ဘားအံတက္ကသိုလ်၊ ဥပဒေပညာဌာနမှ ဌာနမှူး နှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများ နှင့် တရားသူကြီးများ၊ ပြည်နယ်အတွင်း အမှုလိုက်ပါဆောင်ရွက်သော  ရှေ့နေရှေ့ရပ်များ တက်ရောက်ခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ