သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၂၃)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်း
Post Image

          နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့ တို့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ (၁၅:၀၀) နာရီအချိန်တွင် ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

      ထပ်ဆင့်ရှင်းလင်းပွဲတွင် ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက အမှုများ ကြန့်ကြာမှုမရှိစေဘဲ ဥပဒေနှင့်အညီ မျှတမှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ခရိုင်များ ထပ်မံတိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့အတွက် တိုးချဲ့ခရိုင်များတွင် တရားစီရင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန်၊ တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို တရားရုံးများမှာ ကျင့်သုံးဆောင်ရွက်နေကြပြီးဖြစ်၍ စေ့စပ်ဖြေရှင်းရေးလုပ်ထုံးလုပ်နည်းများ မှန်ကန်စွာ ဆောင်ရွက်နိုင်ရေးအတွက် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးလက်စွဲကို လိုက်နာကျင့်သုံး ဆောင်ရွက်ကြရန်၊ နိုင်ငံခြားသား တရားခံပါဝင်သော ရာဇဝတ်မှုများ ဥပဒေနှင့်အညီ မှန်မှန်နှင့် မြန်မြန် စစ်ဆေးစီရင်ရန်၊ ငွေကြေးခဝါချမှုနှင့် သက်ဆိုင်စပ်ဆိုင်သည့် ပြစ်မှုများအား စစ်ဆေးစီရင်စီမံခန့်ခွဲမှုရာတွင် နိုင်ငံတော်၏ လုပ်ငန်းစဉ်များအား အလေးထားလိုက်နာဆောင်ရွက်ကြရန်၊ ယခုနှစ်သည် မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ခုနှစ်၏ ပဉ္စမနှစ် (နောက်ဆုံးနှစ်ဖြစ်၍) သတ်မှတ်ချက်အတိုင်း လုပ်ငန်းအစီအစဉ်အားလုံး အောင်မြင်စေရန် အကောင်အထည်ဖော်ရမည်ဖြစ်၍ ကြိုးပမ်းဆောင်ရွက်သွားကြရန် စသည့်ဖြင့် မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်းနှင့် ဦးညွန့်လင်းတို့မှ လမ်းညွှန်အမှာစကားပြောကြားပြီး  ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦးက စီမံရေးရာနှင့် ထောက်ပံ့ရေးရာမှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားပါသည်။

   အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ် တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း (၂၄) ဦး တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ