ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကထုတ်ဝေသည့် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးလက်စွဲမှ သိမှတ်ဖွယ်ရာများနှင့် လချုပ်စာရင်း ပြုလုပ်ခြင်း၊ နေ့စဉ်မှတ်တမ်းရေးသားခြင်း သင်တန်းပို့ချမှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်၊ နံနက် (၈း၃၀)နာရီမှ (၁၀:၃၀)နာရီ အချိန်ထိ ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ Video Conferencing (Zoom)ဖြင့် ပြုလုပ်ရာ စေ့စပ်ဖြေရှင်းရေးအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာစမ်းက Power Point ဖြင့် ဆွေးနွေးပို့ချခဲ့ပါသည်။
အဆိုပါသင်တန်းသို့ ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများ နှင့် တရားသူကြီးများ၊ တရားရုံးဝန်ထမ်းများ စုစုပေါင်း (၄၃) ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။