သတင်းများ

ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲသို့ တက်ရောက်
Post Image

ဘားအံမြို့၊ ရွှေယဉ်မျှော် ပြည်တော်ဧစေတီတော်တွင် ဂေါပကအဖွဲ့မှ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၇၃)ကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို (၅- ၁၀- ၂၀၂၂) ရက်နေ့၊ နံနက် (၀၇:၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှဦးစီးကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း တက်ရောက်ပြီး ရဟန်း၊ သာမဏေနှင့် သီလရှင် တို့အား ဆွမ်းဆန်စိမ်း နှင့် ဝတ္ထုငွေများ လောင်းလှူဆက်ကပ်ခဲ့သည်။
       အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးနှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများနှင့် ဝန်ထမ်းများ တက်ရောက်၍ ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ခဲ့ကြသည်။

 

 

 

နှစ်စဉ် အစီအရင်ခံစာ