









ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းသည် ပြည်နယ်တရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ညိုမီလတ်၊ ရုံးအုပ် ဒေါ်ခင်မာချိုတို့ လိုက်ပါ၍ ဘားအံမြို့မရဲစခန်းအချုပ်ခန်းကို (၂၉- ၁၁- ၂၀၂၂)ရက်နေ့တွင်လည်းကောင်း၊ ဘားအံမြို့ မာလာဖူး ကုန်ထုတ်စခန်း(မြိုင်ကလေး)ကို (၈- ၁၂- ၂၀၂၂)ရက်နေ့တွင်လည်းကောင်း၊ လက္ခဏစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းကို (၉- ၁၂- ၂၀၂၂) ရက်နေ့တွင်လည်းကောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ညွှန်ကြားချက်အမှတ် (၅/၂၀၁၃)နှင့်အညီ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က အကျဉ်းသား/ အချုပ်သားများအား ဥပဒေပါအခွင့်အရေးများရရှိခြင်း ရှိ/မရှိ၊ နေရာ ထိုင်ခင်း သက်သာချောင်ချိမှု ရှိ/မရှိ၊ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ စားသောက်ရာတွင် အာဟာရသင့်တင့်မျှတမှု ရှိ/မရှိ၊ ကျန်းမာရေးပြည့်စုံမှု ရှိ/မရှိ၊ ကျန်းမာရေးမကောင်းပါက ဆေးကုသခွင့်ရှိ/မရှိ၊ နှိပ်စက်ညှင်းပမ်းမှု၊ မတရားပြုမှု ရှိ/မရှိ၊ ပြင်ပနှင့် ဆက်သွယ်ပေးခြင်း ရှိ/မရှိ၊ ဘာသာရေး ကိုးကွယ်ခွင့် ရှိ/မရှိတို့နှင့်စပ်လျဉ်း၍ မေးမြန်းကာ အကျဉ်းသားများ၏ အိပ်ဆောင်၊ ကျန်းမာရေးဆေးပေးခန်း၊ စားဖိုဆောင်၊ ဧည့်တွေ့ခန်းနှင့် စာကြည့်တိုက်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီးနောက် လိုအပ်သည်များကို မှာကြားခဲ့သည်။