

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ညွှန်ကြားချက်အမှတ် (၅/၂၀၁၃)နှင့်အရ ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးညွန့်လင်းက ဒုတိယညွှန်ကြားရေးမှူး ဒေါ်ညိုမီလတ်၊ ခရိုင်တရားသူကြီး ဒေါ်အေးအေးမြင့်၊ မြို့နယ်တရားသူကြီး ဒေါ်ယဉ်မင်းသူ၊ ရုံးအုပ် ဒေါ်ခင်မာချိုနှင့် ဒေါ်မျိုးမျိုးရှိန်တို့ လိုက်ပါ၍ (၆- ၁၂- ၂၀၂၂) ရက်နေ့တွင် ဇာသပြင်နယ်မြေရဲစခန်းအချုပ်ခန်းကို လည်းကောင်း၊ (၁၃- ၁၂- ၂၀၂၂)ရက်နေ့တွင် အိန္ဒုနယ်မြေရဲစခန်းအချုပ်ခန်းကို လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးက အချုပ်သားများအား ဥပဒေပါအခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိမှု ရှိ/မရှိ၊ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ စားသောက်ရာတွင် အာဟာရသင့်တင့်မျှတမှု ရှိ/မရှိ၊ ကျန်းမာရေးပြည့်စုံမှု ရှိ/မရှိ၊ ကျန်းမာရေးမကောင်းပါက ဆေးကုသခွင့်ရှိ/မရှိတို့နှင့်စပ်လျဉ်း၍ မေးမြန်းကာ အချုပ်ခန်းအား စစ်ဆေးကြည့်ရှုပြီးနောက် လိုအပ်သည်များကို မှာကြားခဲ့ပါသည်။