သတင်းများ

နှစ်သစ်ကူးအထိမ်းအမှတ် ရုံးဝန်ထမ်းများအား အမှတ်တရလက်ဆောင်ပေးအပ်ခြင်းနှင့် ကြာဇံဟင်းခါးဖြင့် တည်ခင်းဧည့်ခံခြင်း
Post Image

     ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်သို့ ကူးပြောင်းရောက်ရှိတော့မည့် နှစ်သစ်ကူးအထိမ်းအမှတ် ရုံးဝန်ထမ်းများအား တစ်ဦးချင်း မဲနှိုက်ရွေးချယ်၍ အမှတ်တရ လက်ဆောင်ပေးအပ်ခြင်းနှင့် ကြာဇံဟင်းခါးဖြင့် တည်ခင်းဧည့်ခံခြင်းအခမ်းအနားကို ပြည်နယ်တရားလွှတ်တော်တွင် (၃၀- ၁၂- ၂၀၂၂) ရက်နေ့၊ ညနေ (၁၆း၀၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
    အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး နှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံး၊ ကော့ကရိတ်ခရိုင်/ မြို့နယ်တရားရုံး နှင့် ဖာပွန်ခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများ နှင့် ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ