ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို (၁၂- ၁- ၂၀၂၃) ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဒေါ်ခင်ဆွေထွန်း တက်ရောက်ပြီး စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆု အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်သည် ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများ၊ ရုံးဝန်ထမ်းများနှင့်အတူ စာအောင်သံဃာတော်များ၊ သာမဏေများနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြသည်။