ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၄ ခုနှစ်၊ တပို့တွဲလ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို (၄- ၂- ၂၀၂၃) ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်း၌ ကျင်းပရာ ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း တက်ရောက်ခဲ့ပြီး ကရင်ပြည်နယ်တရားလွှတ်တော်အသင်းမှလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။