နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ (၁၃:၀၀) နာရီအချိန်တွင် ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ပါသည်။
ထပ်ဆင့်ရှင်းလင်းပွဲတွင် ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက တရားစီရင်ရေး တာဝန်ထမ်းဆောင်နေသည့် တရားသူကြီးများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းကျင့်ဝတ်များကို လိုက်နာကြရမည်ဖြစ်သကဲ့သို့ တရားစီရင်ရေးဆိုင်ရာကျင့်ဝတ်ကိုလည်း လိုက်နာရမည်ဖြစ်ပြီး မိမိတို့၏တစ်ဦးချင်း လုပ်ငန်းတာဝန်များကို သစ္စာရှိရှိကျေကျေပွန်ပွန် ထမ်းဆောင်သွားကြရန်၊ တရားစီရင်ရာတွင် ဥပဒေနှင့်အညီ အဂတိကင်းကင်းနှင့် မှန်ကန်မြန်ဆန်စွာ အဆုံးအဖြတ်ပြုလျှက် ပြည်သူအများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ် ဖြစ်ထွန်းရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရန်၊ တရားစီရင်ရေး ငါးနှစ်တာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) ၏ ပထမနှစ်လုပ်ငန်းအစီအစဉ် (၂၀၂၃ ခုနှစ်) ရည်မှန်းချက်များ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စနစ်သည် တရားမမှုများ စစ်ဆေးစီရင်မှုအပေါ် အထောက်အကူပြုသည်ဖြစ်၍ ယခုထက် ပိုမိုအောင်မြင်ရေး ကြိုးစားဆောင်ရွက်ကြရန်၊ တရားရုံးများတွင် နည်းပညာအသုံးပြု တရားစီရင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ အထူးဂရုပြုလိုက်နာဆောင်ရွက်ကြရန်နှင့် နည်းပညာ ဗဟုတများရှိစေရေး မပြတ်လေ့လာဆည်းပူးကြရန် စသည်ဖြင့် မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ခင်စိမ်းဝင်းနှင့် ဦးညွန့်လင်းတို့မှ လမ်းညွှန်အမှာစကားပြောကြားပြီး ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦးက စီမံရေးရာနှင့် ထောက်ပံ့ရေးရာမှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားပါသည်။
အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ် တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း (၂၉) ဦး တက်ရောက်ခဲ့ကြပါသည်။