သတင်းများ

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ရွှေယဉ်မျှော်ပြည်တော်ဧစေတီ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် စတုဒိသာအလှူတော် အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် တက်ရောက်
Post Image

       ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ရွှေယဉ်မျှော်ပြည်တော်ဧစေတီ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် စတုဒိသာအလှူတော် အခမ်းအနားကို (၅- ၃- ၂၀၂၃) ရက်နေ့ မွန်းလွဲ (၁၄း၃၀) နာရီခန့်က ဘားအံမြို့၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဒေါ်ခင်ဆွေထွန်း၊  ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ခင်စိမ်းဝင်းနှင့် ဦးညွန့်လင်း၊ ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများနှင့် ရုံးဝန်ထမ်းများ တက်ရောက်ပြီး သံဃာတော်များ၊ သာမ‌ဏေများနှင့် သီလရှင်များအား အလှူတော်ငွေနှင့် ဆွမ်းဆန်စိမ်း လောင်းလှူ ဆက်ကပ်ခဲ့ပါသည်။

     ဆက်လက်၍  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများနှင့်အတူ တပေါင်းပွဲတော် စတုဒိသာကျွေးမွေးလှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ပြီး  ပြည်နယ်တရားလွှတ်တော်မှ ရေခဲမုန့်ဖြင့် ကျွေးမွေးလှူဒါန်း ကုသိုလ်ပြုခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ