၂၀၂၃ ခုနှစ် ၊ ဧပြီလ ၁၇ ရက်နေ့ (နှစ်ဆန်း ၁ ရက်နေ့ )၊ မွန်းလွဲ (၁၅:၀၀) နာရီ အချိန်တွင် ကရင်ပြည်နယ်တရားလွှတ်တော်၌ အန္တရာယ်ကင်းပရိတ်တရားတော် နာယူကြပြီး သံဃာတော် အရှင်သူမြတ်တို့အား လှူဘွယ်ဝတ္တုအစုစုတို့ကို လှူဒါန်းဆက်ကပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်းနှင့် ဦးညွန့်လင်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦး၊ ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများနှင့် တရားရုံးဝန်ထမ်းများ တက်ရောက်ပြီး အန္တရာယ်ကင်းပရိတ်တရားတော် နာယူခဲ့ကြပါသည်။