သတင်းမီဒီယာဆင့်ပွားသင်တန်းကို ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမတွင် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်၌ ဖွင့်လှစ်ခဲ့ရာ ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦး နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လှိုင် တို့က သတင်းမီဒီယာ အကြောင်းအရာများကို Power Point ဖြင့် ဆွေးနွေး ပို့ချခဲ့ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး နှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ်တရားရုံး တို့မှ တရားရေးအရာရှိ (၁၈) ဦးတို့ တက်ရောက်ခဲ့ပါသည်။