သတင်းများ

စာရင်းစစ် ကန့်ကွက်ချက် လျော့ချနိုင်ရေးနှင့် အစိုးရစာရင်းထားနည်းသင်တန်း ဖွင့်လှစ်ခြင်း
Post Image

           စာရင်းစစ် ကန့်ကွက်ချက် လျော့ချနိုင်ရေးနှင့် အစိုးရစာရင်းထားနည်းသင်တန်း ဖွင့်ပွဲကို ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေး ခန်းမတွင် ၂၀၂၃ ခုနှစ်၊ မေလ (၆)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်၌ ကျင်းပခဲ့ရာ ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး   ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦး က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပြောကြားခဲ့ပါသည်။


            အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ခင်စိမ်းဝင်းနှင့် ဦးညွန့်လင်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦး၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်စိုး နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီတာ၊ ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများနှင့် ရုံးဝန်ထမ်း သင်တန်းသား/သူ (၅၁) ဦးတို့ တက်ရောက်ခဲ့ပါသည်။

      

          သင်တန်းကို (၆- ၅- ၂၀၂၃) ရက်နေ့မှ (၇- ၅- ၂၀၂၃) ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ဌာနဆိုင်ရာငွေစာရင်းထားသိုနည်း၊ ဘဏ္ဍာရေးကျင့်စဉ်၊ ခွင့်နှင့် ပင်စင်ဆိုင်ရာသိကောင်းစရာများ၊ စာရင်းစစ် ကန့်ကွက်ချက် လျော့ချနိုင်ရေး တို့ကို သင်တန်းဆရာများဖြစ်သော ပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်စိုး နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီတာတို့က ဆွေးနွေးပို့ချခဲ့ပြီး တက်ရောက်လာသော သင်တန်းသားများ၏ မေးမြန်းချက်များကိုလည်း ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။ သင်တန်းပြီးဆုံးချိန်တွင် ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက သင်တန်းဆရာအား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပါသည်။