သတင်းများ

တရားရုံးဝန်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲ ကျင်းပခြင်း
Post Image

        တရားရုံးဝန်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာအရည်အသွေးမြှင့်သင်တန်း (၁/၂၀၂၃)ဖွင့်ပွဲကို ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်၌ ကျင်းပခဲ့ရာ ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက သင်တန်းဖွင့်အမှာစကားပြောကြားပါသည်။

       အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး နှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိ (၁၆)ဦး နှင့် သင်တန်းသား/သူ (၂၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။ သင်တန်းကို (၁၂- ၆- ၂၀၂၃) ရက်နေ့မှ (၁၆- ၆- ၂၀၂၃) ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတွင် လက်တွေ့ငွေစာရင်းလုပ်ငန်းများ၊  ဝန်ထမ်းတစ်ဦးချင်းစီ၏ လုပ်ငန်းတာဝန်များ၊   ဝန်ထမ်းကျင့်ဝတ်စည်းကမ်းထိန်းသိမ်းရေးဘာသာရပ်၊ အမှုတွဲထိန်းသိမ်းခြင်း၊ အမှုတွဲခန်းပို့ခြင်းနှင့် အမှုတွဲထိန်း၏တာဝန်များ၊  ဝန်ထမ်း၏ တာဝန်နှင့် အခွင့်အရေးများ၊ တရားရုံးက ဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေး၊ ရုံးစာရေးသားနည်း၊ အမှုတွဲမိတ္တူကူးခြင်း၊ ဘီလစ်လုပ်ငန်းနှင့် ဆင့်စာလုလင်လုပ်ငန်းတာဝန်များကို သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ